Next Innovations

Home | Website တစ်ခုတည်ဆောက်တဲ့အခါ UI/UX ဒီဇိုင်နာပါခြင်း နဲ့ မပါခြင်းရဲ့ ခြားနားချက် (၅)ချက်

Website တစ်ခုတည်ဆောက်တဲ့အခါ UI/UX ဒီဇိုင်နာပါခြင်း နဲ့ မပါခြင်းရဲ့ ခြားနားချက် (၅)ချက်

Next Innovation Admin
Next Innovation Admin
Table of Contents
Conversion Rate တွေကျလို့စိတ်ညစ်နေပါသလား?
လူကြီးမင်းရဲ့ website ကို စတင်တည်ဆောက်ခါစအချိန်က UI/UX ဒီဇိုင်နာတွေပါဝင်ပါခဲ့ရဲ့လားဆိုတာ ကိုယ့်Teamကို ပြန်မေးသင့်နေပါပြီ
ဒီအပတ်မှာတော့ ဒီဇိုင်နာပါတဲ့ web design တစ်ခုနဲ့ မပါတဲ့တစ်ခုက ဘာတွေကွာခြားလဲဆိုတာကို ပြောပြပေးသွားမှာပါ


(1) User Experience

With UI/UX Designer : ဒီဇိုင်နာတွေဟာ ကိုယ်လုပ်မယ့် website ရဲ့အကြောင်း/ Busienss အကြောင်းကို Deep Down လေ့လာထားကြပါတယ်။
အသုံးပြုမယ့်သူတွေအတွက် ပိုကောင်းမယ့် soulution တွေ/ လွယ်ကူရိုးရှင်းပြီး Final Goal ကိုပြီးမြောက်စေမယ့် Path တွေကို Research တွေ/ Testing တွေထပ်တလဲလဲလုပ်ဆောင်ပြီး ဖန်တီးပေးနိုင်ကြပါတယ်

Without UI/UX Designer : ဒီဇိုင်နာမပါတဲ့နေရာတွေမှာတော့ Business ကိုပဲ အသားပေးပြီး user တွေကိုလှည့်မကြည့်တဲ့အခါ တစ်ဖက်သတ်ဆန်လွန်းတဲ့ခံစားချက်တွေဖြစ်စေပြီး အသုံးပြုတဲ့သူတွေမပျော်ရွှင်တဲ့အတွက် Bounce Rate တွေမြှင့်တက်လာမှာဖြစ်ပါတယ်


(2)Brand Consistency

With UI/UX Designer : ဒီဇိုင်နာတွေဟာ Brand core value, mission, vision, tone of voice နဲ့ color, typography usage တွေကို သေချာလေးလေးနားလည်သဘောပေါက်ပြီးသားသူတွေဖြစ်တာမို့ ကိုယ့်ရဲ့ website တစ်ခုကို
သူတို့နဲ့သာဖန်တီးမယ်ဆိုရင် Brand consistent ရှိပြီး ပိုမိုကျယ်လောင်တဲ့အသံနဲ့ customer တွေကိုဆွဲဆောင်နိုင်မှာဖြစ်ပါတယ်

Without UI/UX Designer : ဒီဇိုင်နာမပါပဲ ဖန်တီးမယ်ဆိုရင်တော့ business client ဖြစ်တဲ့လူကြီးမင်းတို့နဲ့ Web Development Team အကြားမှ ညှိနှိုင်းရမှာတွေအတော်များမှာဖြစ်ပြီး စိတ်တိုင်းကျဖို့ အတော်အချိန်ယူရမှာဖြစ်ပါတယ်... Brand consistent ဖြစ်ဖို့ကလည်း ခက်ခဲနိုင်ပါတယ်


(3)Creativity
With UI/UX Designer : ဘယ်လိုအရာတွေပဲမြင်မြင် ဒီဇိုင်းဖွဲ့စည်းပုံတွေ, user experience တွေ 24/7 တစ်ချိန်လုံးတွေးဝေဖန်နေမိကြတာ ဒီဇိုင်နာတွေရဲ့skill ပဲ.. ဒီလိုလူမျိုးတွေက အမြဲတစ်မူထူးပြီး creative ဖြစ်နေတဲ့အတွက်ကြောင့် အများကြားမှာ ထင်ပေါ်နေချင်တယ်ဆိုရင်တော့ ဒီဇိုင်နာတွေနဲ့လက်တွဲလုပ်ဆောင်သင့်ပါတယ်

Without UI/UX Designer : ဒီဇိုင်နာမပါတဲ့ Team တစ်ခုကလည်း creative အင်မတန်ဖြစ်လိမ့်မယ်ဆိုပေမယ့် Design Creativity ဘက်မှာ အနည်းငယ်ချို့ယွင်းချက်ရှိမှာ အသေအချာပါပဲ


(4)Competitors

With UI/UX Designer : ဒီဇိုင်နာတွေဟာ ကိုယ့်ရဲ့ Brand နဲ့ market အကြောင်း , ပြိုင်ဖက်တွေအကြောင်းကို မျက်စိတောက်ထောက်လေ့လာပြီး သူတို့ထက်ဘာတွေပိုကောင်းအောင်လုပ်သင့်လဲဆိုတာကို တွေးတောပြီး analysis လုပ်ကြလေ့ရှိပါတယ်.. ဒီလိုအရာတွေကပဲ ကိုယ့်ပြိုင်ဖက်တွေထက်သာစေမယ့် အကောင်းမွန်ဆုံး ဒီဇိုင်းနဲ့ expereince တွေကိုဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်

Without UI/UX Designer : ဒီဇိုင်နာမပါတဲ့ Team တစ်ခုမှာကို ဒီလိုအကြောင်းအရာတွေကို analysis လုပ်လေ့မရှိကြပါဘူး


(5)Future Proof

With UI/UX Designer : ဒီဇိုင်နာတွေနဲ့ ဖန်တီးရတဲ့ဒီဇိုင်းတစ်ခုဟာ အချိန်အနည်းငယ်ပိုပေးရပေမယ့် အနာဂတ်အတွက် Future Proof ဖြစ်နိုင်ပါတယ်
အသုံးပြုသူတွေအတွက်လွယ်ကူပြီး အကောင်းမွန်ဆုံးသော creative ဖြစ်တဲ့ဒီဇိုင်းတွေ ဖန်တီးပေးနိုင်ကြပါတယ်။
website တွေကို ဒေတာတွေပေါ်အခြေခံပြီးဖန်တီးထားတာဖြစ်တဲ့အတွက်  customer engagemnt ပိုကောင်းလာပြီး bounce rate လည်းလျော့ကျစေမှာပဲဖြစ်ပါတယ်

Without UI/UX Designer : ဒီဇိုင်နာတွေမပါတဲ့ website တစ်ခုကိုဖန်တီးရတာ အစပိုင်းမှာ အချိန်ကုန်သက်သာမှာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အမြင်မတင့်တယ်တာမျိုး၊ redesign ခနခနလုပ်ရတာမျိုး၊ bounce rate တွေထိုးတက်တာမျိုးနဲ့ customer engagemnt မရှိတာမျိုးတွေဖြစ်နိုင်တာကြောင့် အချိန်ရော ငွေပါ ပိုမိုကုန်ကျမှာဖြစ်ပါတယ်

အခုဆိုရင်တော့ UI/UX ဒီဇိုင်နာပါတဲ့ web design တစ်ခုနဲ့ မပါတဲ့တစ်ခုက ဘာတွေကွာခြားလဲဆိုတာ သေချာသိသွားကြပြီထင်ပါတယ်
ကိုယ်တိုင်ရော ဘယ်လို website မျိုးတွေဖန်တီးချင်လဲ? ဘယ်တစ်ခုကိုရွေးချယ်မလဲ?
ဆုံးဖြတ်ချက်တွေပြတ်သားပြီဆိုရင်တော့ Next Innovations နဲ့အကောင်းမွန်ဆုံးရလဒ်တွေဖန်တီးပေးဖို့ ဆက်သွယ်နိုင်ပါပြီ..

Best Ideas & Articles Delivered Weekly

Best places for learning. Subscribe our newsletter now and create a journey of creative expression, and success!

Subscription implies consent to our privacy policy

Other blogs