Next Innovations

Home | WordPress ဆိုတာဘာလဲ?

WordPress ဆိုတာဘာလဲ?

Next Innovation Admin
Next Innovation Admin
Table of Contents
WordPress ဆိုတာက website တွေ Blog တွေကို ဖန်တီးဖို့အတွက် အရိုးရှင်းဆုံး နှင့် Popular ဖြစ်တဲ့ Framework တစ်ခုပဲဖြစ်ပါတယ်။ Internet ပေါ်မှ Website အားလုံးရဲ့ 43 % အထက်က လက်ရှိ WordPress ကို အသုံးပြုနေကြတုန်းပဲ ဖြစ်ပါတယ်။ WordPress က Users များအား Website တွေကို အလွယ်တကူ တည်ဆောက်ပီး ပြုပြင်ပြောင်းလဲနိုင်အောင် ပြုလုပ်ပေးထားတဲ့ Content Management System (CMS) ဖြစ်ပါတယ်။

ဒီနေ့မှာတော့ WordPress Framework အတွက် တချို့ အရေးပါတဲ့ အချက်အလက်များကို ပြောပြပေးသွားပါမယ်။

(1)Open Source - WordPress သည် Open-source software ပါ။ Open- source ဆိုတာ  သူရဲ့ source code တွေကို ဘယ်သူမဆို ကြည့်ရ ၊ အသုံးပြုရ ၊ ပြုပြင်မွမ်းမံတာတွေကို အကန့်အသတ်မရှိ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် Developers တွေရဲ့ ကြီးမားတဲ့ အဖွဲ့အစည်းများအတွက် အထောက်အကူအများကြီးဖြစ်စေပါတယ်။

(2)Theme - WordPress သည် Website တခုရဲ့ အသွင်အပြင် ကို ထိန်းချုပ်ဖို့အတွက် Theme တွေကိုအသုံးပြုပါသည် ။ Free နှင့် Premium theme တစ်ထောင်ကျော်ကို WordPress ထဲတွင် တွေ့ရှိနိုင်ပါတယ်။

(3)Plugins - Plugins သည် WordPress ရဲ့ Functionality တွေထပ်ထည့်နိုင်ဖို့အတွက်အသုံးပြုထားပါတယ် ။ ဥပမာ - SEO Plug-ins , Contact Form Plugin & E-commerce plugin.

(4)User-Friendly Dashboards - WordPress ရဲ့ Dashboard သည် Users တွေအတွက် အသုံးပြုရလွယ်ကူစေပါတယ်။ Dashboard ကတော့ Content, Appearance နှင့် Functionality တွေကို ထိန်းချုပ်ဖို့အတွက် အဓိကနေရာဖြစ်ပါတယ်။

(5)Customization - WordPress က သီးခြား Page တွေ Posts တွေအပြင် Design တစ်ခုလုံးအထိ Customization တွေကိုလည်းခွင့်ပြုပေးထားပါတယ်။ 

(6)Regular Updates- WordPress က Features အသစ်တွေထပ်ထည့်တာမျိုး ၊ Error တွေဖြေရှင်းတာမျိုး ၊ Security တွေတိုးမြှင့်တာမျိုးတွေအတွက် software ,themes နှင့် Plugins တွေက်ု ပုံမှန် Updates လုပ်ဖို့ဖို့က အဓိကဖြစ်ပါတယ်။

Best Ideas & Articles Delivered Weekly

Best places for learning. Subscribe our newsletter now and create a journey of creative expression, and success!

Subscription implies consent to our privacy policy

Other blogs