WordPress ဆိုတာက website တွေ Blog တွေကို ဖန်တီးဖို့အတွက် အရိုးရှင်းဆုံး နှင့် Popular ဖြစ်တဲ့ Framework တစ်ခုပဲဖြစ်ပါတယ်။ Internet ပေါ်မှ Website အားလုံးရဲ့ 43 % အထက်က လက်ရှိ WordPress ကို အသုံးပြုနေကြတုန်းပဲ ဖြစ်ပါတယ်။ WordPress က Users များအား Website တွေကို အလွယ်တကူ တည်ဆောက်ပီး ပြုပြင်ပြောင်းလဲနိုင်အောင် ပြုလုပ်ပေးထားတဲ့ Content Management System (CMS) ဖြစ်ပါတယ်။ ဒီနေ့မှာတော့ WordPress Framework အတွက် တချို့ အရေးပါတဲ့ အချက်အလက်များကို ပြောပြပေးသွားပါမယ်။ (1)Open Source - WordPress သည် Open-source software ပါ။ Open- source ဆိုတာ သူရဲ့ source code တွေကို ဘယ်သူမဆို ကြည့်ရ ၊ အသုံးပြုရ ၊ ပြုပြင်မွမ်းမံတာတွေကို အကန့်အသတ်မရှိ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် Developers တွေရဲ့ ကြီးမားတဲ့ အဖွဲ့အစည်းများအတွက် အထောက်အကူအများကြီးဖြစ်စေပါတယ်။ (2)Theme - WordPress သည် Website တခုရဲ့ အသွင်အပြင် ကို ထိန်းချုပ်ဖို့အတွက် Theme တွေကိုအသုံးပြုပါသည် ။ Free နှင့် Premium theme တစ်ထောင်ကျော်ကို WordPress ထဲတွင် တွေ့ရှိနိုင်ပါတယ်။ (3)Plugins - Plugins သည် WordPress ရဲ့ Functionality တွေထပ်ထည့်နိုင်ဖို့အတွက်အသုံးပြုထားပါတယ် ။ ဥပမာ - SEO Plug-ins , Contact Form Plugin & E-commerce plugin. (4)User-Friendly Dashboards - WordPress ရဲ့ Dashboard သည် Users တွေအတွက် အသုံးပြုရလွယ်ကူစေပါတယ်။ Dashboard ကတော့ Content, Appearance နှင့် Functionality တွေကို ထိန်းချုပ်ဖို့အတွက် အဓိကနေရာဖြစ်ပါတယ်။ (5)Customization - WordPress က သီးခြား Page တွေ Posts တွေအပြင် Design တစ်ခုလုံးအထိ Customization တွေကိုလည်းခွင့်ပြုပေးထားပါတယ်။ (6)Regular Updates- WordPress က Features အသစ်တွေထပ်ထည့်တာမျိုး ၊ Error တွေဖြေရှင်းတာမျိုး ၊ Security တွေတိုးမြှင့်တာမျိုးတွေအတွက် software ,themes နှင့် Plugins တွေက်ု ပုံမှန် Updates လုပ်ဖို့ဖို့က အဓိကဖြစ်ပါတယ်။