Next Innovations

Home | Advertisement နဲ့ Boosting ဘာကွာလဲ။

Advertisement နဲ့ Boosting ဘာကွာလဲ။

Next Innovation Admin
Next Innovation Admin
Table of Contents

ကျွန်တော်တို့ တွေ Advertisement နဲ့ Boosting ဘာကွာလဲ ဆိုတာကို အလွယ်ကူ အရိုးရှင်းဆုံးပြောရမယ်ဆိုရင် Boosting ဆိုတာကတော့ ဥပမာနှိုင်းပြီးပြောရမယ်ဆိုရင် Billboards တွေပေါ့။

ကိုယ့် ရဲ့ Drink product တခုကို Billboardမှာကြော်ငြာတယ်ပဲဆိုပါတော့။ မြို့လည်ခေါင်က Billboard မှာကြော်ငြာတဲ့အတွက် လူတွေအများကြီးမြင်မယ်၊တွေ့မယ်ပေါ့ဗျာ။ ဒါပေမယ့် ဒီတိုင်းကြည့်ပြီး ကျော်သွားမယ့်သူရှိမယ်၊ စိတ်ဝင်စားတဲ့သူလည်းရှိကောင်းရှိနိုင်မယ်။

Boosting အသုံးအနှုံးနဲ့ ပြောရမယ်ဆိုရင် Engangement တက်မယ်၊ Like and Share ဒါမှမဟုတ် Reach တွေ အများကြီးရောက်မယ်ပေါ့ဗျာ။ ဒါပေမယ့် ကိုယ့် product ကိုတကယ်စိတ်ဝင်စားတဲ့သူဆိုဆီကို ရောက်ဖို့ Chance နည်းတယ်။
Advertisement ကိုဥပမာနှိုင်းပြီးပြောရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ Drink Productကို billboardမှာမဟုတ်ပဲနဲ့ Plazaတွေ City Mart တွေက Drink Counter နားမှာ light box, Vinyl stand တွေထားတာမျိုးတွေနဲ့တူတယ်။

ဘာလို့လဲဆိုတော့ Drink counter ကိုသွားမယ့်သူက အအေးဝယ်ဖို့သွားမှာဖြစ်တဲ့အတွက် ကိုယ့် drink product အပေါ်စိတ်ဝင်စားမှုအများဆုံးဖြစ်မှာမို့လို့ပါ။
Advertisement လုပ်တဲ့အခါမှာလဲ အဲ့လိုပါပဲ၊ ကိုယ့် product ကိုတကယ်စိတ်ဝင်စားမှုများနိုင်ခြေရှိတဲ့သူတွေ၊ Inquiry လုပ်နိုင်ကိုချေရှိသူတွေကို target ထားပြီး အသေးစိတ် advertisement လုပ်တာမျိုးဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ Facebook ကနေ တိုက်ရိုက် Boosting လုပ်မယ်ဆိုရင် ဘယ်သူမဆို Visa Card တစ်ခုရှိယုံနဲ့ လွယ်လွယ်ကူကူ လုပ်နိုင်မှာဖြစ်ပေမယ့် သတ်မှတ်ထားတဲ့ဘောင်အတွင်းကပဲ Boosting လုပ်လို့ရမှာပဲဖြစ်ပါတယ်။

အကျဥ်းချုံးပြောရမယ်ဆိုရင် Ads Manager နဲ့ Advertisement လုပ်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ AI ကနေမှ Target ကိုမှတ်ထားသေးမယ့်အပြင် Retargeting လုပ်တဲ့အခါမှာလည်း Spam မဟုတ်ပဲ တကယ့်ကို ကိုယ့် Product ကိုစိတ်ဝင်စားတယ့်သူတွေ၊ ကိုယ့်ဆီကို Inquiry လုပ်ခဲ့ဖူးတွေလူတွေကို ပြန် Targeting ထားတာမျိုးအစရှိတာတွေကအစ အသေးစိတ်လုပ်လို့ရမှာပဲဖြစ်ပါတယ်။

Best Ideas & Articles Delivered Weekly

Best places for learning. Subscribe our newsletter now and create a journey of creative expression, and success!

Subscription implies consent to our privacy policy

Other blogs